အောက်တိုဘာ (၁၀)ရက်၊ ၂၀၁၃ ခုနှစ်။
မြစ်ကြီးနားမြို့၌
အစိုးရအဖွဲ့နှင့် KIO အဖွဲ့ အောက်တိုဘာ(၈)ရက်နေ့မှ (၁၀)ရက်နေ့ထိ သုံးရက်တာကာလ တွေ့ဆုံမှု၏
ရလဒ်အဖြစ် အသေးစိတ်ကျသောသဘောတူညီချက်၊ မူဝါဒ၊ စည်းကမ်းချက်များ ရရှိခဲ့ပြီး ရလဒ်ကောင်းများ
ထွက်ပေါ်ကြောင်း ဆွေးနွေးပွဲတက်ရောက်သူများ ထံကသိရသည်။
အောက်တိုဘာ(၁၀)ရက်နေ့၌
သဘောတူညီချက်(၇)ချက်၊ မူဝါဒ(၅)ချက်နှင့် စည်းကမ်းချက်(၁၈)ချက်တို့ကို အသိသက်သေများ
ရှေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
“အများကြီးဖြစ်တာပေါ့
အများကြီးဖြစ်တယ် ကျွန်တော်ဆယ်ကြိမ်တိတိ KIO နဲ့တွေ့ဆုံပွဲတွေလိုက်ခဲ့တယ်
ဆယ်ကြိမ်လုံးမှာ ဒီအကြိမ်က အားအရဆုံးပဲ” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊
နည်းပညာအထောက်အကူပြုအဖွဲမှ ဦးလှမောင်ရွှေကပြောသည်။
ဆယ်ကြိမ်လုံးမှာ ဒီအကြိမ်က အားအရဆုံးပဲ” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊
နည်းပညာအထောက်အကူပြုအဖွဲမှ ဦးလှမောင်ရွှေကပြောသည်။
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ
ဦးဆန်းအောင်က ယခုဆွေးနွေးပွဲသည် ယခင်ကထက်စာလျှင် ကောင်းမွန်သော တိုးတက်မှုများ ရှိလာသည်ဟု
ပြောသည်။
RCSS မှ ပြောရေးဆိုခွင့်ရှိသူ
ဦးစိုင်းလကလည်း ယခုဆွေးနွေးပွဲသည်အပြုသဘောဆောင်သော တိုးတက်မှု အများအပြားတွေ့ရကြောင်း
ဆိုသည်။
“တိုးတက်မှုတွေတွေ့ရပါတယ်
နှစ်ဖက်တွေ့ဆုံဆွေးနွေးတာက အပြုသဘောဆောင်တယ် သဘောတူထားတဲ့
အချက်တွေရလာတယ် အဲ့အချက်တွေကိုလည်း ဆက်လက်ညှိုနှိုင်းဆောင်ရွက်သွားမယ်ဆိုတာတွေရပါတယ်”
ဟု ဦးစိုင်းလက ပြောသည်။
အချက်တွေရလာတယ် အဲ့အချက်တွေကိုလည်း ဆက်လက်ညှိုနှိုင်းဆောင်ရွက်သွားမယ်ဆိုတာတွေရပါတယ်”
ဟု ဦးစိုင်းလက ပြောသည်။
နေပြည်တော်တွင်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုလတ်မှတ်ရေးထိုးပွဲနှင့်ပတ်သက်၍လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ အောက်တိုဘာလအတွင်း၌
ညီလာခံတစ်ခု ကျင်းပသွားရန်
KIO မှ အစိုးရအဖွဲ့သို့ တောင်းဆိုခဲ့ရာ အစိုးရအဖွဲ့က သဘောတူခဲ့သည်။
KIO မှ အစိုးရအဖွဲ့သို့ တောင်းဆိုခဲ့ရာ အစိုးရအဖွဲ့က သဘောတူခဲ့သည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့ခေါင်းဆောင်များ ညီလာခံနှင့်ပတ်သက်၍လည်း RCSS မှ
ပြောရေးဆိုခွင့်ရှိသူဦးစိုင်းလက ယခုကဲ့သို့ပြောသည်။
ပြောရေးဆိုခွင့်ရှိသူဦးစိုင်းလက ယခုကဲ့သို့ပြောသည်။
“ဒါကတော့
ကျွန်တော်တို့ ဗဟိုကိုထပ်ပြီးတော့တင်ပြရမှာဖြစ်ပါတယ်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေး ကိစ္စနဲ့ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကိစ္စတွေကို ကျွန်တော်တို့ တိုင်းရင်းသား
အဖွဲ့တွေရဲ့ သဘောထားတွေ၊ ကဏ္ဍတွေ နောက်ပြီးတော့ အားလုံးဘယ်လိုပူးပေါင်းပါဝင်နိုင်ကြမလဲ
ဆိုတာတွေကို အဓိကထားဆွေးနွေးချင်တယ် သဘောထားတွေကို ရယူလိုတာကြောင့် ဒီပွဲကိုလုပ်ဖိုတောင်းဆိုတာဖြစ်တယ်လို့
သိရပါတယ်” ဟု ဦးစိုင်းလက ပြောသည်။
သိရပါတယ်” ဟု ဦးစိုင်းလက ပြောသည်။
အစိုးရအဖွဲ့နှင့်
KIO အဖွဲ့တို့ သဘောတူညီချက် (၇)ချက်မှာ -
(၁) တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စနှင့်
ပတ်သက်၍ အစိုးရဘက်မှအစီအစဉ်များအား ပေးပို့ခြင်း ဆွေးနွေးခြင်းများပြုလုပ်ရန်၊ KIO
ဘက်မှတောင်းဆိုထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံကျင်းပရန်
(၂) ပစ်ခတ်တိုက်ခိုက်မှုများထပ်မံမဖြစ်ပွားစေရေး
ဆက်လက်ညှိုနှိုင်းဆောင်ရွက်ရန်
(၃) ပြည်တွင်းစစ်ဘေးဒုက္ခသည်များနှင့်ပတ်သက်၍
အနည်းဆုံးရွာ(၄)အားရည်ရွယ်၍ Pilot Project အဖြစ်
ညှိုနှိုင်းဆောင်ရွက်ရန်
ညှိုနှိုင်းဆောင်ရွက်ရန်
(၄) စစ်အရှိန်လျှော့ချရေးအတွက်
ကြည့်ကြပ်စောင့်ကြည့်ရေးအဖွဲ့များအား ပဋိပက္ခဒေသများအားလုံးအကျုံး
ဝင်စေမည့် ဖွဲ့စည်းပုံဖြင့်ဖွဲ့စည်းရန်။
ဝင်စေမည့် ဖွဲ့စည်းပုံဖြင့်ဖွဲ့စည်းရန်။
(၅) ပဋိပက္ခကြောင့်ပုံမှန်သွားလာမှုမရှိတော့သော
လမ်းများအား နှစ်ဖက်ညှိုနှိုင်း၍ပြန်လည်ဖွင့်လှစ်သွားရန်
(၆) KIO အနေနှင့်
သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိုနှိုင်း၍ ပြည်သူများနှင့်လွတ်လပ်စွာတွေ့ဆုံ
မှုပြုရန်သဘောတူသည်။
မှုပြုရန်သဘောတူသည်။
(၇) နှစ်ဖက်
နည်းပညာအထောက်အကူပြုအဖွဲ့များ ဆက်လက်ညှိုနှိုင်းဆောင်ရွက်ရန်နှင့် နောင်ကျင်းပမည့်
ဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက်သဘောတူညှိုနှိုင်းဆောင်ရွက်ရန် တို့ဖြစ်သည်။
ဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက်သဘောတူညှိုနှိုင်းဆောင်ရွက်ရန် တို့ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲကို
အောက်တိုဘာ(၈)ရက်နေ့မှ (၁၀)ရက်နေ့ထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ပြီး
အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ ဦးအောင်မင်း
ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် KIO ဘက်မှ ဦးဆွမ်လွတ်ဂမ်ခေါင်းဆောင်သော
ကိုယ်စားလှယ်အဖွဲ့တို့ တွေးဆုံဆွေးနွေးခဲ့ပြီး၊ ကုလသမ္မဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် Mr.Vijay Nambiar ၊ တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့နှင့် နိုင်ငံရေးပါတီ အများအပြား တက်ရောက်ခဲ့သည်။

No comments:
Post a Comment