http://glorianewsmm.com/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%80%E1%80%80%E1%80%B9%E1%80%9E%E1%80%9C%E1%80%85%E1%80%B9%E1%80%86%E1%80%9B-2/http://glorianewsmm.com/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%80%E1%80%80%E1%80%B9%E1%80%9E%E1%80%9C%E1%80%85%E1%80%B9%E1%80%86%E1%80%9B-2/
Gloria News Journal (ဂလိုရီယာသတင်းဂျာနယ်)
Friday, May 30, 2014
Friday, May 2, 2014
Friday, April 25, 2014
Wednesday, April 23, 2014
Tuesday, January 21, 2014
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရဲရဲဝံ့ဝံ့လက်မှတ်ထိုးကြဖို့ KNU ဥက္ကဌတိုက်တွန်း
တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့များအနေနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိရန်အတွက် အသိသက်သေ များရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြရန်အတွက် ကရင်ပြည်နယ် KNU ဋ္ဌာနချုပ် လော်ခီးလားတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညီလာခံ၌ KNU ဥက္ကဌစောမူတူးစေးဖိုးက ပြောကြားခဲ့သည်။
“အမှားလုပ်မိမှာ
မကြောက်ပါနဲ့။ အောင်မြင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပါဝင်ရမဲ့ ယန္တရားများနဲ့
သဘောတူညီချက်တွေကို ကဏ္ဍပေါင်းစုံနဲ့ ဘက်ပေါင်းစုံမှ အသိသက်သေများရဲ့ ရှေ့မှောက်မှာ ရဲရဲဝံ၀ံလက်မှတ်ထိုးသမိုင်းတင်ကြပါ။”
ဟု KNU ဥက္ကဌ စောမူတူးစေးဖိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိတွေ့ဆက်ဆံခြင်းနှင့်
ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများဖြင့် တစ်ဖက်နှင့်တစ်ဖက် အမြင်သဘောထားများကို တွေ့ဆုံ
ဖလှယ် ကာ နှစ်ဘက်ယုံကြည်မှု တည်ဆောက်နိုင်မည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့်လုပ်ရပ်များကို
ရှောင်ရှားစေလိုကြောင်း ၎င်းက ဆက်ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား
စစ်မှန်သည့်ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ဘုံသဘောတူညီချက် များ ချမှတ်ပြီး အဆိုပါဘုံသဘောတူညီချက်ကို
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရာ၌ ထည့်သွင်းပြင်ဆင်ရန် တိုင်းရင်း သားလက်နှက်ကိုင်အဖွဲ့များ
ညီလာခံပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။
“ဥက္ကဌစောမူတူးစေးဖိုးက
သမ္မတဦးသိန်းစိန်နဲ့လေးကြိမ်တွေ့ဆုံထားတဲ့ တစ်ဦးတည်သောသူဆိုတော့ ဒီဘက်က အခြေအနေကို
တခြားသူတွေထက်ပိုပြီး နားလည်မှုရှိနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့
စိုးရိမ်ကြောင့်ကြမှု သိပ်ရှိမနေသင့်ပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လုပ်ကြဖို့
ပြောဆိုတာပါ။” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အလုပ်အမှုဆောင် ဦးလှမောင်ရွှေက ပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးနိုင်ရန် ကရင်ပြည်နယ် ဖားအံမြို့တွင်ပြုလုပ်မည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲမှတဆင့်
ရလဒ်ကောင်းများရရှိရန် မျှော်လင့်ထားပြီး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရန် သဘော
တူညီချက်များရရှိလာပါက တစ်လအတွင်း အသိသက်သေများ အားလုံးပါဝင်သည့် လက်မှတ်ရေးထိုးပွဲကိုနေပြည်တော်တွင်
ကျင်းပသွားနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ
တိုင်းရင်းသားညီလာခံပြီးဆုံးပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဒု-ဥက္ကဌ
ဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား
ဖေဖော်ဝါရီလလယ်ပိုင်းပြုလုပ်မည့် ဖားအံ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ မတိုင်မီ
အလွတ်သဘောတွေ့ဆုံဆွေးနွေးရန်အစီအစဉ်ရှိသည်ဟု ငြိမ်းချမ်းရေးစင်တာ(MPC) မှ သိရသည်။
တိုင်းရင်းသားညီလာခံမှရရှိလာမည့်
သဘောတူညီချက်များကိုပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် တစ်နိုင်ငံ
လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့ ဖေဖော်ဝါရီလ ဘားအံမြို့တွင် ပြုလုပ်မည့်
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးသွားမည်ဟု တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့များထံမှ
သိရသည်။
ပထမအကြိမ်တိုင်းရင်းသားညီလာခံကို
အောက်တိုဘာ(၃၀)ရက်နေ့မှ နိုဝင်ဘာ(၂)ရက်နေ့အထိ ကချင်ပြည်နယ်လိုင်ဇာမြို့၌ ကျင်းပခဲ့ပြီး
တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲံညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Comments (Atom)






