နိုင်ငံရေးပါတီများ ရုံးခန်းဖွင့်လှစ်နိုင်ရန်အခန်းများစီစဉ်ပေးမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး က ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ်နိုင်ငံရေးပါတီများ၏တောင်းဆိုဆွေးနွေးမှုကိုပြန်လည်ဖြေကြားရာတွင် အောက်တိုဘာလ ၁၁ရက်နေ့က
ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်လည်းကိုယ်ချင်းစာပါတယ်။နိုင်ငံရေးပါတီငယ်တွေ ရပ်တည်ရတာခက်ခဲမယ်ဆိုတာ
နားလည်ပါ တယ်။တိုက်ခန်းကိစ္စကိုကျွန်တော်တတ်နိုင်သမျှလုပ်ပေးသွားမယ်”ဟုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေး
ကသည်။
နိုင်ငံရးပါတီများနှင့်အမြဲတွေ့ဆုံ၍
တိုင်းပြည်တိုးတက်ရေးအတွက်တိုင်ပင်ဆောင်ရွက်လိုကြောင်း၊ နိုင်ငံရေး
ပါတီများနှင့်လည်း ကိုယ်ရေးကိုယ်တာနှင့်ပါတီအရေးယှဉ်လာပါက
ပါတီအရေးကိုဦးစားပေးပြီး ပါတီရေးနှင့်နိုင်ငံတော်အရေးယှဉ်လာပါကနိုင်ငံတော်အရေးကိုဦးစားပေးသင့်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိတွင်လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲ
တစ်ရပ်ဖန်တီးပေးမည်ဆိုသော်လည် ပြီးခဲ့သည့် ရွေး ကောက် ပွဲများ၏သင်ခန်းစာများတွင်
တရားမျှတမှုကင်းမဲ့ကာ မသမာမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ရွေးကာက်ပွဲ တရားမျှတရန်
အားလုံး၏တာဝန်သာဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေးမှူး ဒေါ်သန်း
သန်းနုကပြောသည်။
“သန့်ရှင်းသောရွေးကောက်ပွဲတစ်ခုဖြစ်ရေးဟာရွေးကောက်ပွဲကော်မရှင်နဲ့
အစိုးရမှာပဲတာဝန်ရှိတာမဟုတ် ပါဘူး။နိုင်ငံရေးပါတီတွေကလည်း
စည်းကမ်းလိုက်နာဖို့လိုပါတယ်။ပြည်သူတွေကလည်း စဉ်းစားချင့်ချိန်နိုင်တဲ့ အရည်အချင်း
ရှိဖို့လိုပါတယ်”ဟုဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူးဒေါ်သန်းသန်းနုကဆိုသည်။
ထို့အပြင်ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးအဖြစ်
ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် ၅ သိန်းပေးရခြင်းမှာ ပါတီ ငယ်များအနေဖြင့်အခက်ခဲရှိပြီး ၂၀၁၅
ရွေးကောက်ပွဲတွင် ၀င်ရောက်ပြိုင်ရန်ပင် အခက်အခဲများ ရှိနေကြောင်း၊ မှတ်ပုံတင် ကြေးမတတ်နိုင်သောကြောင့်
မဲဆန္ဒနယ်လျှော့၍ ရွေးကောက်ပွဲဝင်ရခြင်းများ ရှိခဲ့ကြောင်း၊ ထိုကဲ့ သို့ ငွေကြေး
အကန့်အသတ် ထားခြင်းသည် လွတ်လပ်ပြီး တရားမျှတသည့်ရွှေးကောက်ပွဲ ကျင်းပနိုင်ရေးကိုအဟန့်
အတား ဖြစ်စေနိုင်ကြောင်း နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ဆွေးနွေး ပြောဆိုသည်။
“ကျွန်တော်တို့ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးလျှင်
ကျပ် ၅ သိန်း ပေးသွင်းရမယ်ဆိုရင် ကိုယ်စားလှယ်တွေ အများကြီး ၀င်ရောက် ယှဉ်ပြိုင်ခွင့်
နည်းမှာ ဖြစ်တဲ့အတွက် အဲဒီအချက်ကိုပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်” ဟု မြို(ခေါ်)ခမီပါတီမှရန်ကုန်တိုင်းပြောဆိုသည်။
၈၈မျိုးဆက်သစ်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ဒုတိယဥက္ကဋ္ဌသန်းဦးကလည်း”ကိုယ်စားလှယ်လောင်းများပေးဆောင်ရသည့်
ကျပ်၅သိန်းကိစ္စသည် လွတ်လပ်စွာရွေးချယ်ခံပိုင်ခွင့်ကိုအဟန့်အတား ဖြစ် စေပါတယ်”ဟုဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အေးကလည်း ပါတီများ တင်ပြလာသော ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး ၅ သိန်း ကိစ္စကို
ပြန်လည် စဉ်းစားပေးမည် ဖြစ်ပြီး၊ နိုင်ငံရေး ပါတီများကို ဘဏ္ဍာရေးအင်အား
တောင့်တင်းစေလိုကြောင်း ဖြေကြားသည်။
“ပါတီတွေက ငွေရေးကြေးရေး မတတ်နိုင်ရင်
ဒီကိစ္စကျွန်တော် ပြန်ကြည့်ပါမယ်။ လျှော့ရင်လည်းလျှော့ပစ်
လိုက်မယ်၊လုံးဝလွှတ်ချင်လည်းလွှတ်လိုက်မယ်။
သို့တည်းမဟုတ် အာမခံကြေးတင်ခိုင်းပြီးတော့ ရွေးကောက် ပွဲပြီးမှ Refund ပြန်လုပ်ချင်လုပ်မယ်၊
ဒါမှမဟုတ် ရှုံးရင်မပေးဘဲနဲ့ မဲရာခိုင်နှုန်း ဘယ် လောက်ရရင်တော့ပြန် ပေးတာမျိုး
လုပ်ချင်လုပ်မယ်” ဟုဦးတင်အေးက ဆိုသည်။
နိုင်ငံရေးပါတီများအနေဖြင့်ပြည်သူလူထုကြားတွင် ပျံ့ နှံ့စိမ့်ဝင်နေသည့်အတွက်နိုင်ငံ၏အနာဂါတ်သည် နိုင်ငံ ရေးပါတီများ
အပေါ်တွင်မူတည်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကဆိုသည်။
No comments:
Post a Comment