Saturday, October 12, 2013

ဒဂုံဆိပ်ကမ်းမြို့နယ်၌ မြေကွက် အရောင်းအ၀ယ်အေးလျက်ရှိနေ


အောက်တိုဘ ၁၂ရက်၊ရန်ကုန်မြို့။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေကွက်ဈေးနှုန်းများမှာ သြဂုတ်လနှင့် စက်တင်ဘာလ တတိယအပတ်အထိဈေးနှုန်းများမြင့်တက်ခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ ဈေးနှုန်းများ ပြန်လည်ငြိမ်သက်ပြီးအရောင်းအ၀ယ်အေးလျှက်ရှိကြောင်း ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်အတွင်းက
သိရသည်။
“ သြဂုတ်လနဲ့စက်တင်ဘာလပိုင်းမှာ ဈေးကစားတဲ့လူတွေက ဒီမြို့နယ်မှာ နောက်ပိုင်းမြေကွက်ဈေးတွေ ကောင်းလာနိုင်တယ်ဆိုပြီး လာဝယ်ထားသူတွေများတော့ ဈေးက အဆမတန်မြင့်တက်ကုန်တာ၊ အရင်သိန်း(၁၀၀)၀န်းကျင်ရှိတဲ့မြေကွက်က အခုသိန်း(၃၅၀)ထိ ဖြစ်သွားတယ်၊ပွဲစားတွေ ဈေးကစားတာလဲပါတာပေါ့၊ အခုလပိုင်းတော့ဈေးနည်းနည်းပြန်ငြိမ်သွားပြီးအရောင်းအ၀ယ်လည်း
အေးသွားတယ်၊”ဟု ဒဂုံဆိမ်ကမ်းမြို့နယ်ရှိ ထိပ်တန်းအောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ
ဦးဌေးဝင်းက ပြောသည်။
တန်ဖိုးနည်းအိမ်ယာများဆောက်လုပ်ရန်အတွက်လျာထားလာခြင်းကြောင့်ထိုနေရာရှိ မြေကွက်များ၏ဈေးနှုန်းများ မြင့်တက်လာပြီး အနီးတစ်ဝိုက်ရှိတိုက်ခန်းများလည်းဈေးနှုန်း လိုက်ပါမြင့်တက်လာကြောင်းအိမ်ခြံမြေပွဲစားများထံကသိရသည်။
 “၀ါမ၀င်ခင်ကထက်တိုက်ခန်းဈေးနှုန်းတွေကတစ်ခန်းကို(၁၀)သိန်းလောက်တက်သွားတာ၊၀ါကျွတ်ပွင့်
လင်းရာသီရောက်ရင် ဘယ်ဈေးဖြစ်မယ်မှန်းမသိသေးဘူး၊အရောင်းအ၀ယ်တော့နည်းနည်းအေးနေတယ်၊ သင်္ဃန်ကျွန်းဘက်မှာတိုက်ခန်တွေ ဆောက်လာတော့ ဒီဘက်မှာအရောင်းနည်းနည်းကျလာတယ်၊ သင်္ဃန်ကျွန်းဘက်က မြို့ထဲနဲ့ ပိုနီးတယ်လေ၊ ဈေးကလည်း ၁၀သိန်း ၁၅သိန်းလောက်ပဲကွာတာဆိုတော့ အဲဒီဘက်မှာ အရောင်းအ၀ယ် ပိုဖြစ်တယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေပွဲစား ဒေါ်သီတာခင်က ပြောသည်။
ဈေးကွာခြားမှု မရှိပါက မြို့တွင်းနှင့်နီးသည့်နေရာများတွင်သာ ၀ယ်ယူထားလိုကြောင်းနှင့် မြို့တွင်းနှင့်နီးသည့် မြေနေရာများမှာ ပေ(၄၀-၆၀)မြေတစ်ကွက်ကို သိန်း၁၀၀ ၀န်းကျင်ရဖို့မလွယ်ကူကြောင်း ချောက်မြို့မှ
ရန်ကုန်မြို့တွင်မြေကွက်လာရောက်ဝယ်ယူသူ တစ်ဦးက ဆိုသည်။
“ရန်ကုန်လို နေရာမှာ မြေကွက်တစ်ခုကို ကျပ်သိန်း(၁၀၀)၊ကျပ်သိန်း(၂၀၀)နဲရဖို့က မလွယ်တော့ဘူး၊ဒီနေရာတွေက ခေါင်ပေမဲ့ နောက်ပိုင်း လူနေထူထပ်တဲနေရာဖြစ်လာနိုင်တယ်၊မိသားစုက တာဝန်နဲ နယ်မှာနေနေရတာ ဆိုတော့ ဒီအတိုင်းထားရမယ့် အတူတူ နောက်ပိုင်းလူစည်လာမယ့် နေရာကို ရွေးပြီးဝယ်ထားလိုက်တာပါ၊ အိမ်ဆောက်ဖို့ အစီအစဉ် မရှိသေးပါဘူး၊”ဟု၎င်းကပြောသည်။
နိုင်ငံတော်မှ သက်မှတ်ပေးထားသည့် မြေဈေးနှုန်းများနှင့် အရောင်းအ၀ယ်ဖြစ်မှု့နည်းပါးပြီးတစ်ချို့နေရာများရှိ ဈေးနှုန်းများမှာသတ်မှတ်ထားသည့် ဈေးနှုန်းထက်မြင့်နေသော်လည်းတချို့နေရာများတွင်သတ်မှတ်ထားသော ဈေးနှုန်းများထက်ပင်နည်းနေသေးကြောင်းသိရသည်။

No comments:

Post a Comment