ဇော်ဂျီ(မြစ်မခ)
အောက်တိုဘာ
၇ ရက်၊ ရန်ကုန်။
လူမှုရေးစာမျက်နှာ(ဖေ့စ်ဘွတ်)၌
သတင်းပျံနှံ့နေသည့် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေ၏ မြေး ဦးနေရွှေသွေးအောင် (ခ)ဖိုးလပြည့်နှင့်
ထွက်ပေါ်နေသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း အောက်တိုဘာ ၇ ရက် မွန်းလွဲ ၃နာရီ ရန်ကုန်မြို့ Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌
Miss Universe Myanmar 2013 မိုးစက်ဝိုင်က ဆိုသည်။
“ဒဂုံတက္ကသိုလ်မှာ
အဝေးသင်အင်္ဂလိပ်မေဂျာနဲ့ကျောင်းပြီးတာပါ၊ အားကစားဝန်ကြီးက ဖိတ်လို့သွားတာပါ၊ ဖေ့စ်ဘွတ်မှာ
ပြော နေတာတွေက မဟုတ်မမှန်ပါဘူး” မြန်မာမစ်စ် မိုးစက်ဝိုင်က ပြောသည်။
ဆက်လက်၍ ဖေ့စ်ဘုတ်(လူမှုရေးစာမျက်နှာ)များ၌
ပျံ့နှံ့နေသည့် သတင်းများမှာ လုံးဝမဟုတ်မှန်ကြောင်းကိုလည်း သူမက မီဒီယာများသို့ အတည်ပြုပြောကြားခဲ့သည်။
“အရင်က အားပေးတဲ့ပရိတ်သတ်တွေကလည်း
မိုးစက်ကို ဆက်လက် အားပေးနေတုန်းပါပဲ၊ သူတို့ကလည်း မိုးစက်ဘက်ကနေ အပြည့်အ၀ ထောက်ခံယုံကြည်ကြပါတယ်”ဟု
မိုးစက်ဝိုင်က ပြောသည်။
မက္ကဆီကို
နိုင်ငံအထိ လိုက်လံအားပေးမည်ဆိုသည့်သတင်းများမှာလည်း လုံးဝမကြားမိဟု သူမက ဆက်ပြောသည်။
No comments:
Post a Comment