မြန်မာနိုင်ငံက နှမ်းမျိုးစုံကိုတရုတ်နိုင်ငံဘက်မှအဝယ်လိုက်နေ၍ ဈေးကွက်အတွင်း၌ နှမ်းလက်ကျန်များနည်းလာချိန်ဖြစ်သဖြင့် နှမ်းမျိုးစုံဈေးများ အမြင့်ဈေးနှုန်းများဖြင့်
အရောင်းအဝယ်ဖြစ်နေကြောင်းမန္တလေးမြို့နှမ်းမျိုးစုံဈေးကွက်အတွင်းကသိရှိရသည်။
အရောင်းအဝယ်ဖြစ်နေကြောင်းမန္တလေးမြို့နှမ်းမျိုးစုံဈေးကွက်အတွင်းကသိရှိရသည်။
ဈေးကွက်အတွင်း၌ ပုံမှန်အရောင်းအဝယ်ရှိနေပြီးနှမ်းလက်ကျန်များလည်းနည်းလာသောကြောင့်
မန္တလေးနှမ်းမျိုးစုံဈေးကွက်တွင်တစ်ပတ်အတွင်းနှမ်းရောင်စုံဈေးနှုန်းမှာ တစ်တင်းလျှင်
ကျပ် ၃၀၀၀ ကျော်ဈေးတက်သွားကြောင်းမန္တလေးအခြေစိုက် မန်းရတနာ ပဲ၊နှမ်း ရောင်းဝယ်ရေးမှ
တာဝန်ရှိသူတစ်ဦးကဆိုသည်။
တာဝန်ရှိသူတစ်ဦးကဆိုသည်။
“ တရုတ်နိုင်ငံက မြန်မာနိုင်ငံကထွက်တဲ့ ပဲ နဲ့ နှမ်း နှစ်မျိုးကိုဝယ်ကြပါတယ်။
ဒါပေမယ့်
တရုတ်ရိုးရာမုန့်စားပွဲတော်ပြီးသွားတော့ပဲအဝယ်နည်းသွားပြီးနှမ်းကိုအရင်ကထက်ပိုအဝယ်များလာတာတွေ့ရတယ်။ဈေးကွက်အဝယ်လိုက်လာရင် ဈေနှုန်းတွေပါ လိုက်တက်ကြတာထုံးစံပါပဲ ” ဟု မန္တလေးအခြေစိုက် မန်းရတနာ ပဲ၊နှမ်းရောင်းဝယ်ရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အောက်တိုဘာလ ဆန်းပိုင်းက နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၃၉၀၀၀၊နှမ်းနက်တစ်တင်းလျှင်ကျပ်
၃၃၀၀၀ ဝန်းကျင်၊ နှမ်းညိုတစ်တင်းလျှင် ကျပ်
၃၀၀၀၀ ကျော်၊ နှမ်းဝါတစ်တင်းလျှင် ကျပ် ၃၄၅၀၀
ဈေးရှိခဲ့သော်လည်း လက်ရှိတွင် နှမ်းဖြူတစ်တင်း ကျပ် ၄၂၅၀၀၊ နှမ်းနက်တစ်တင်း ကျပ် ၃၆၅၀၀၊
နှမ်းညိုတစ်တင်းကျပ် ၃၂၅၀၀၊ နှမ်းဝါတစ်တင်း ကျပ်၃၇၀၀၀ ဈေး ပေါက်နေကြောင်း မန်းရတနာ
ပဲ၊နှမ်း ရောင်းဝယ်ရေးမှ သိရသည်။
ယခုအခါ မန္တလေးမြို့ရှိကုန်သည်များသည် တရုတ်ကုန်သည်များမှ
နှမ်းအဝယ်လိုက်လာ၍
နှမ်းမျိုးစုံများကိုနယ်ဈေးကွက်သို့ဆင်း၍ဝယ်ယူနေကြကြောင်းသိရသည်။
“ ဈေးကွက်အနေအထားအရ ဝယ်လိုအားလိုက်လာတာရယ် မန္တလေးနှမ်းဈေးကွက်မှာလည်း
လက်ကျန်နည်းလာတော့ကုန်သည်အများစုက ယ်ဈေးကွက်အထိဈေးကောင်းပေးဆင်းဝယ်ကြတယ်။ လက်ဝယ်လှောင်ထားတဲ့ကုန်သည်တွေကလည်း ဈေးကဒီထက်မြင့်နိုင်ချေရှိသေးတော့အား လုံးထုတ်မရောင်းဘဲ အောင်းထားကြတော့ပစ္စည်းပြတ်လာတယ်” ဟုမန္တလေးမြို့မှနှမ်းကုန်သည် ဦးကျော်ကပြောသည်။

ရန်ကုန်နှင့်မန္တလေးဈေးကွက်များတွင်အဝယ်လိုက်လာသောကြောင့်နယ်ဈေးကွက်များမှာလည်း
နှမ်းဈေးနှုန်းများလိုက်တက်လာပြီးအရောင်းအဝယ်ပါများလာကြောင်း၎င်းကဆိုသည်။
ပခုက္ကူနှမ်းဈေးကွက်၌ အောက်တိုဘာလဆန်းပိုင်းမှစ၍
နှစ်ပတ်အတွင်းရန်ကုန်နှမ်းပွဲရုံများသို့ နှမ်းအိတ် ၆၆၄၅ အိတ်၊ မန္တလေးသို့ နှမ်းအိတ်၁၃၆၅အိတ်အထွက်ရှိကြောင်း
ပခုက္ကူကုန်စည်ဒိုင်မှသိရှိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ဒေါ်လာ၂၃၅ ဒဿမ ၇၃၄
သန်းတန်ဖိုးရှိသည့် နှမ်း မျိုးစုံတန် ချိန် ၁၃၅၉၄၅ တန်ကို တင်ပို့နိုင်ခဲ့ကြောင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ န၏ စာရင်းဇယားများအရသိရသည်။
No comments:
Post a Comment