အောက်တိုဘာ ၁၂ ရက်၊စစ်တွေမြို့။
ရခိုင်ပြည်နယ်အတွင်း၌ ဆန္ဒထုတ်ဖော်၍
ပုဒ်မ ၁၈ဖြင့် အရေးယူခံထားသူများ၏ အမှုမှာ ဥပဒေကြောင်းအရ
အတူတူဖြစ်သော်လည်းဒေသ၏လုံခြုံရေးအနေအထားအရဥပဒေအတိုင်း
စီရင်ချက်ချလိုက်ခြင်းဖြစ်ကြောင်းရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်
သလိုရခိုင်ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကပြောဆိုလိုက်သည်။
တစ်ခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ပုဒ်မ
၁၈ ဖြင့် တရားစွဲခံရသူများအားငွေဒဏ်ဖြင့် အမိန့်ချမှတ်ခဲ့သော်လည်းရခိုင်ပြည်နယ်တွင်မူ
ထောင်ဒဏ်ဖြင့်အရေးယူခဲ့သည့်အပေါ်ဝေဖန်
မှုများထွက်ပေါ်လာသည့်အတွက်ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောရေဆိုခွင့်ရှိသူ
ရခိုင်ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကယခုကဲ့သို့ပြောဆိုလိုက်ြခင်းဖြစ်သည်။
“သဘောကတော့မန္တလေးမှာလူ(၁၀)ယောက်ဆန္ဒပြလို့အရေးယူတာနဲ့ရခိုင်ပြည်နယ်မှာလူမျိုးရေး
ပဋိပက္ခတွေနဲ့ညမထွက်ရအမိန့်တွေထုတ်ပြီးတော့ထိန်းသိမ်းထားရတဲ့လုံခြုံရေးစည်ကမ်း
ထိန်းသိမ်းရေးကိုအဓိကထားလုပ်နေရတဲ့နေရာဒေသတွေမှာ
ဆန္ဒပြတာနဲ့တစ်တန်းတည်း တော့ဘယ်ဟုတ်မပါ့လဲ’’ဟုဦးလှသိန်းကပြောသည်။
ရခိုင်ပြည်နယ်အတွင်း၌ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခအလွန်မြို့နယ်အများအပြားတွင်
ဆန္ဒထုတ်ဖော်ခဲ့ကြသူများအားရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပြန်လည်တရားစွဲဆိုခဲ့ရာပုဒ်မ၁၈ဖြင့်
အရေးယူခဲ့သူပေါင်း ၂၈ဦး ထိရှိပြီး၎င်းတို့အားပြစ်ဒဏ်အသီးသီးချမှတ်ထားပြီဖြစ်သည်။
ပဋိပက္ခများအလွန် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များ၌ ဆန္ဒထုတ်ဖော်ခဲ့ကြသူများအားအစိုးရက
ပြန်လည်တရားစွဲဆိုသဖြင့် ပုဒ်မ ၁၈ဖြင့် ထောင်ဒဏ်ကျခံရသူတစ်ဦး၊ ထောင်ဒဏ် သုံးလကျခံရသူ
၂၅ဦး အပါအဝင် ငွေဒဏ် တစ်သောင်းစီကျခံရသူနှစ်ဦး အသီးသီးရှိခဲ့ကြောင်းရခိုင်ပြည်နယ်တရားဥပဒေချုပ်ဦးလှသိန်း၏ပြောကြားချက်အရသိရသည်။
ဆန္ဒထုတ်ဖော်သူများအပေါ် ပြစ်ဒဏ်ချမှတ်ခြင်းသည်
ဖြစ်စဉ်အားဖြင့်ဒေသချင်းမတူသော်လည်း ဥပဒေကြောင်းအရအတူတူဖြစ်သည့်အတွက်သင့်တင့်သည့်အမိန့်ကိုချခြင်းဖြစ်သည်ဟုဦးလှသိန်းကဆိုသည်။
“အမှုရဲ့အနေအထား ဒေသရဲ့အနေအထား
အပေါ်မှာဥပဒေဘောင်အတွင်းကသာ သင့်တင့်တဲ့
အမိန့်ကိုတရားရုံးကပဲချတယ်၊ဥပဒေမှာမပါတဲ့ဟာတော့လုပ်လို့မရဘူး၊အခုတော့ဥပဒေမှာပါတဲ့ဟာကို
သူ့ဒေသသူ့အနေအထားနဲ့အတူတူပါ။ဒေသချင်းမတူပေမယ့် ဥပဒေမှာတော့အတူတူဘဲ၊အခုဟာက
ဥပဒေနဲ့မညီတာမဟုတ်ဘူး၊ အမှုကတစ်ယောက်နဲတယောက်မတူဘူးလေ။ဥပဒေအရထောင်ဒဏ်တစ်
နှစ်ချမှတ်နိုင်တယ်ဆိုရင်ဒါဥပဒေလမ်းကြောင်းအရမှားတာမဟုတ်ဘူး”ဟုဦးလှသိန်းကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့၊ကျောက်တော်မြို့၊
ရသေ့တောင်မြို့နှင့်တောင်ကုတ်မြို့နယ်တို့မှ ပုဒ်မ၁၈ဖြင့် ပြစ်ဒဏ်ချခံရသူများသည်ရခိုင်ပြည်နယ်အတွင်းရှိဘင်္ဂါလီများအားနိုင်ငံသားစိစစ်
ခြင်းမရှိဘဲအိမ်ရာဆောက်ပေးမည့်အစီအစဉ်အားဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြသဖြင့်သက်ဆိုင်ရာမှ
ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
”ဥပဒေ ပြောင်းလဲခြင်းမရှိဘူး။ ငြိမ်းချမ်းစွာစီတန်းလည့်လှည်ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုပေမယ့်
ပြစ်ဒဏ်ပေးခြင်းဟာ မတရားဘူးလို့ခံစားရတယ်ဟု’’စစ်တွေမြို့မှပုဒ်မ၁၈ဖြင့်ထောင်ဒဏ်၃သုံးလကျခံရ
သည့် ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဌ ဒေါ်မညိုအေးက ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ပုဒ်မ ၁၈ဖြင့်အရေးယူခံထားရသူ၂၈ဦးရှိပြီး ကျောက်ဖြူမြို့နှင့်
မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့်
CNPC ကုမ္ပဏီ
အားဆန္ဒထုတ်ဖော်ခဲ့ရာတွင်ပါဝင်သည့် ခေါင်းဆောင် ၁၀ဦးကိုလည်းပြစ်ဒဏ်ချမှတ်ထားကြောင်းသိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက် စစ်တွေမြို့မှ ထောင်ဒဏ်၃လဖြင့်
၂ ဦး၊ ကျောက်တော်မှ ၄ဦး၊ ရသေ့တောင်မှ ၂ ဦး၊ တောင်ကုတ်မှ ၃ ဦး၊ သံတွဲမြို့နယ်မှ
၇ ဦးနှင့်ကျောက်ဖြူမြို့နယ်မှ၁၀ဦး
တို့ဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်၎င်းတို့သည်သက်ဆိုင်ရာ၏ခွင့်ပြုချက်မရဘဲ
ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် ပြန်လည်တရားစွဲဆိုခြင်းလည်းဖြစ်သည်။
No comments:
Post a Comment