Tuesday, October 29, 2013
Saturday, October 19, 2013
မန္တလေးရွှေကျီးမြင်ဘုရားဘေး အမှိုက်ပုံ၌ ဗုံးလန့်မှုဖြစ်ပွား
မန္တလေးမြို့
အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်တွင် ဗျောက်ဖောက်ရာမှတစ်ဆင့် ဗုံးလန့်မှုတစ်ရပ်
ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေခံ ရဲစခန်းတာဝန်ရှိသူများထံမှသိရသည်။
အဆိုပါနေရာသို့
ရဲတပ်ဖွဲ့ဝင်များအပါအ၀င် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (၉၁၀)မှ မိုင်းရှင်းအဖွဲ့များလည်း
လာရောက်၍ ရှင်းလင်းရှာဖွေခဲ့ကြသည်။
ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်
၂၄လမ်း ၊ ၈၂ x ၈၃လမ်းကြားရှိ ရွှေကျီးမြင်ဘုရားဘေးရှိ ရေကန်အနီးရှိ အမှိုက်ပုံတွင် အသက်
(၂၅)နှစ်အရွယ် အမှိုက်ကောက်သည့်အမျိုးသမီးများက ယင်းတို့ အမှိုက်ကောက်နေစဉ်အတွင်း အမှိုက်ပုံအတွင်းမှ
မီးတန်းနှင့် မီးခိုးများထွက်လာပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြားခဲ့ရာမှ ပတ်ဝန်းကျင်မှလူများသိရှိခဲ့ခြင်းဖြစ်သည်။
“
ကျမတို့က ဗုံးလို့ပြောတာ မဟုတ်ဘူး ၊ အမှိုက်ပုံထဲ တုတ်နဲ့ထိုးနေတုန်း မီးရောင်ထွက်တာနဲ့
မီးခိုးလုံးထွက် လာတာ မြင်လိုက်တယ် ၊ ကျမတို့တင်
မဟုတ်ဘူး ၊ ရေကန်မှာ ရေချိုးနေတဲ့သူတွေပါ မြင်လိုက်ရတယ် ” ဟု အမှိုက်ကောက်နေသည့် အမျိုးသမီးက
ပြောသည်။
အဆိုပါဖြစ်စဉ်သည်
ဗုံးမဟုတ်ပဲ ဗျောက်ဖောက်ခြင်းသာဖြစ်ပြီး ၊ ဗျောက်ဖောက်သည်ကို မြင်တွေ့လိုက်ကြောင်း
ရပ်ကွက် အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
“
ကျွန်တော်နဲ့အလွန်ကွာ ၁၀ ပေပေါ့ ၊ ဆိုင်ကယ်နဲ့ ဖြတ်သွားတုန်း လမ်းပေါ် ဗျောက်ပေါက်သွားတာ
မြင်လိုက် တယ် ပေါက်တဲ့ အသံကလည်း တော်တော်လေးကို ပြင်းထန်တယ် ၊ ကျွန်တော့်ကလေးတောင်
လန့်သွားတယ် ” ဟု ဗျောက်ဖောက်မှုကို မြင်လိုက်ရသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါအမှိုက်ပုံသည်
ရွှေကျီးမြင်ဘုရားဘေးတွင်ရှိနေသည်ကို ဖယ်ရှားပေးရန်အတွက် ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးသို့ အကြိမ်ကြိမ်အကြောင်းကြားသော်လည်း ဖယ်ရှားခြင်းမရှိဟု
ယခုကဲ့သို့ဆိုသည်။
“
ရွှေကျီးမြင်ဘုရားဆိုတာ နာမည်ကြီးဆရာတော်တွေကြီးတွေရဲ့ တရားပွဲတွေ ညတိုင်းလိုလို ကျင်းပနေတာ
၊ ဒီဘုရားဘေးမှာ အမှိုက်ပုံကအမြဲရှိနေတာ ၊ တရားပွဲလာတဲ့ ဆိုင်ကယ်တွေကို စောင့်တဲ့ အစောင့်တွေဆို
ဒီအမှိုက်ပုံနား ထိုင်ထိုင်စောင့်နေရလို့ ကျွန်တော်တို့က ရပ်ကွက်ရုံးကို ဖယ်ခိုင်းပေမယ့်
လုံးဝမလုပ်ဘူး ” ဟု ရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင်
ပြီးခဲ့သည့် အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လည်ပိုင်းက ရွှေဘဲစားသောက်ဆိုင်အနီးတွင် ချိန်ကိုက်ဗုံး
တစ်လုံးတွေ့ရှိခဲ့ပြီး ယင်းနေ့ညနေပိုင်းကလည်း ၆၂လမ်း ၊ ၂၉လမ်းနှင့် လမ်း(၃၀) ကြားတွင်
ကလေးကျောပိုးအိတ်တစ်လုံးအား ဗုံးဟုယူဆ၍ ဗုံးလန့်ခဲ့ခြင်း ၊ အောက်တိုဘာလ (၁၆)ရက်နေ့တွင်
မန္တလေးဈေးချိုတွင်လည်း ဂျပ်ဘူးခွံလွတ်တစ်ခုအား ဗုံးထင်၍ အများပြည်သူများ ထိတ်လန့်ခဲ့ရသေးသည်။
ဗုံးထောင် သံသယရှိသူ(၈)ဦး ဖမ်းမိသော်လည်း စေခိုင်းသူ လွတ်မြောက်နေဆဲ
အောက်တိုဘာ
(၁၈)ရက်၊ ၂၀၁၃ ခုနှစ်။
ရန်ကုန်၊
မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့်ဖြူးမြို့များ၌ ဗုံးထောင်ခဲ့သူဟု သံသယရှိသူ(၈)ဦး ဖမ်းဆီးရမိထားပြီး
ဗုံးခွဲရန်ခိုင်းစေသူ၊ နှင့် ကိုယ်တိုင်ဗုံးထောင်သူဟု CCTV (စောင့်ကြည့်ကင်မရာ)မှ ရှာဖွေနိုင်ခဲ့သည့်
နေတိုး(ခ)စောရွှေထူးသည် တိမ်းရှောင်နေဆဲ ဖြစ်သည်ဟု
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းထံမှ သိရသည်။
နေတိုး(ခ)
စောရွှေထူး (ဘ) ဦးပန်းအောင် ၃/ ဖပန(နိုင်) ၀၂၄၈၅၈ သည် ဖမ်းမိထားသူ(၈)ဦးအနက်တစ်ဦးဖြစ်သည့်
စောင့်မြင့် လွင်ကို ရန်ကုန်မြို့တွင်ဗုံးခွဲရန် ပိုက်ဆံငါးသိန်းပေးထားကြောင်း ဗုံးခွဲပြီးပါက
ရွှေလုပ်ကွက်ပေးမည်ဟုပြောကြောင်း စောမြင့်လွင် က ထွက်ဆိုထားသည်ဟု ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်အရ
သိရသည်။
အောက်တိုဘာ(၁၈)ရက်၊
ညနေသုံးနာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ်သော
မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရဲချုပ်မှထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်
ဗုံးထောင်ခဲ့သူ ထွက်ပြေးတိမ်းရှောင်နေသူ နေတိုး(ခ)စောရွှေထူးသည် KNU ၏ စီးပွားရေးအဖွဲ့ဝင်
ဖြစ်ပြီး၊ ဖမ်းမိထားသူ စောမြင့်လွင်မှာ ယခင်က KNU၌ ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း
သိရသည်။
ထိုအချက်များကြောင့်
KNU သည် ဗုံးကွဲသည့်ကိစ္စများနှင့် သက်ဆိုင်သည်ဟု မယူဆစေလိုကြောင်းနှင့် KNU အား တာဝန်ယူ
ဖြေရှင်းခိုင်းနေခြင်းလည်း မဟုတ်ကြောင်းကိုလည်း နားလည်မှုလွဲမှားစွာဖြင့် မရေးသားကြရန်
ပြန်ကြာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မေတ္တာရပ်ခံခဲ့သည်။
စောမြင့်လွင်အား
ဘီးလင်းမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ နေတိုး(ခ)စောရွှေထူးမှ ထိုကဲ့သို့ဗုံးခွဲနေခြင်းများသည်
မိမိတို့နိုင်ငံ ပွင့်လင်းလာသည်နှင့်အမျှ နိုင်ငံခြားသားများ ၀င်ရောက်လာကာ စီးပွားရေးလုပ်ငန်းများ
လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများ မ၀င်ရောက်စေရန် ရည်ရွယ်ဗုံးခွဲခြင်းဖြစ်ကြောင်း
စောမြင့်လွင်က ထွက်ဆိုခဲ့သည်ဟု သိရသည်။
ရန်ကုန်၊
မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် ဖြူးမြို့များတွင် ဗုံးပေါက်ကွဲမှု(၆)ကြိမ်၊ ဗုံးတွေ့ရှိမှု
ဖြစ်စဉ်(၄)ကြိမ်
ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု သိရသည်။

ထိုကိစ္စများအပြင်
အောက်တိုဘာ(၁၆)ရက်နေ့ညဘက်နှင့် အောက်တိုဘာ (၁၇)ရက်နေ့ မနက်ကလည်း နမ့်ခမ်းမြို့ ဗုံးကွဲမှုဖြစ်စဉ်
(၃)ကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ထိုကိစ္စသည်
နေတိုး(ခ)စောရွှေထူးတို့ ဖောက်ခွဲနေသည့် ဗုံးများနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း
ရဲချုပ်က ဆိုသည်။
Friday, October 18, 2013
တိုင်းရင်းသားအဖွဲ့များနှင့်ငြိမ်းချမ်းရေးကိစ္စ ဗုံးကြောင့် ရပ်တန့်ဖွယ်မရှိဟု ဦးရဲထွဋ်ဆို
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ မည်သည့်အကြောင်းနှင့်မျှ ရပ်တန့်နိုင်စရာ အကြောင်းမရှိဟု ဗုံးဖောက်ခွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြား လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ရပ်တန့်သွားစရာအကြောင်းမရှိပါဘူး ကျွန်တော်တို့
နိုင်ငံတော် အစိုးရကလည်း ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပါပြီ၊
အဲ့ဒီအတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးကို
မရရအောင် တည်ဆောက်မယ်” ဟု ဦးရဲထွဋ်က ပြောသည်။
အောက်တိုဘာ(၁၈)ရက်နေ့၊
ညနေ(၃း၀၀)နာရီအချိန်က ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်းအတွင်း ပြုလုပ်သည့်
မီဒီယားများနှင့်တွေ့ဆုံပွဲ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်
အစိုးရနှင့်တိုင်းရင်းလက်နက်တပ်ဖွဲ့(၁၄)ဖွဲ့သည် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး
သဘောတူ စာချုပ်များထိုးထားပြီး ကျန်ရှိနေသေးသည့် KIO နှင့် TNLA အဖွဲ့တို့နှင့်လည်း
ဆွေးနွေးညှိုနှိုင်းလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ(၁၀)ရက်နေ့ကမူ
KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး
အချက်(၇)ချက်၊ မူ(၅)ခု၊ စည်းကမ်းချက် (၁၈)ချက်ဖြင့် နှစ်ဘက် သဘောတူညီခဲ့ကြောင်းသိရသည်။
ထိုဆွေးနွေးပွဲပြီးနောက်
အောက်တိုဘာလကုန်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများမှ ခေါင်ဆောင်များပါဝင်မည့်
ညီလာခံ တစ်ရပ်ကိုလည်း လိုင်ဇာမြို့တွင် ကျင်းပကာ အစိုးရ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
သဘောတူ လက်မှတ် ရေးထိုးပွဲနှင့် နိုင်ငံရေးဆွေးနွေးကာ သဘောထားများ ရယူသွားမည်ဟု
KIO နည်းပညာအထောက်အကူပြုအဖွဲ့ ဦးဒေါင်ခါးထံမှ သိရှိ ရသည်။
“ရည်ရွယ်ချက်က
ကျွန်တော်တို့ သဘောတူညီချက်မှာ တိုက်ပွဲ ထပ်မံမဖြစ်ပွားရေးဆိုတဲ့ဟာပါတယ်၊ ပြီးတော့
နောက်တစ်ခု က nation wide ceasefire နဲ့ပတ်သက်ပြီး အစိုးရရဲ့ စီမံချက်ပေါ့ အဲ့စီမံချက်
တောင်းထားတယ်၊ အဲ့ဒါပြီးရင် political dialogue
လုပ်မယ်ဆိုတဲ့ဟာပါတယ်ဆိုတော့ ဒီအရှိန်နှစ်ခုကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့
သဘောထား တစ်ခုခုရဖို့ အရေးကြီးတယ်ပေါ့၊ အစိုးရလုပ်တဲ့ nation wide ceasefire လုပ်တယ်စီမံချက်အပေါ်မှာ
အခြေခံပါတယ်” ဟု ဦးဒေါင်ခါးက ဆက်ပြောသည်။
တိုင်းရင်းသားအဖွဲ့များနှင့်ငြိမ်းချမ်းရေးကိစ္စ ဗုံးကြောင့် ရပ်တန့်ဖွယ်မရှိဟု ဦးရဲထွဋ်ဆို
အောက်တိုဘာ
(၁၈)ရက်၊ ၂၀၁၃ ခုနှစ်။
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား
ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ မည်သည့်အကြောင်းနှင့်မျှ ရပ်တန့်နိုင်စရာ အကြောင်းမရှိဟု
ဗုံးဖောက်ခွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြား လိုက်သည်။

Subscribe to:
Comments (Atom)