Tuesday, January 21, 2014

တက္ကသိုလ်ပေါင်းစုံ MR. UNIVERSITY & MISS UNIVERSITY ပြိုင်ပွဲကျင်းပမည် (ပုံပါ


အောက်မြန်မာပြည်တက္ကသိုလ်ပေါင်းစုံ MR. UNIVERSITY & MISS UNIVERSITY ပြိုင်ပွဲကို ဇန်န၀ါရီလ ၃၀ ရက်နှင့် ၃၁ ရက်နေ့၌ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင် ပြုလုပ်ကျင်းပပြုလုပ်သွားမည်ဟု သိရှိရသည်။
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်တက္ကသိုလ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် MR. YANGON UNIVERSITY  & MISS YANGON UNIVERSITY ရွေးချယ်ပွဲကို ရန်ကုန်တက္ကသိုလ်ကျောင်သားများအပန်ဖြေရိပ်သာ RC ခန်းမဇန်န ၀ါရီ(၁၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကာယဗလမောင် Dဆိုင်းနောင် နှင့်တပ်ခန်းတွောင်၊ ကာယအလှမယ်အတွက် မနေရည်ဝင်းလဲ့နှင့်မမေရီသက်ထားတို့ကို ရွေးချယ်ထားကြောင်းသိရသည်။
“ဒီပြိုင်ပွဲမှာဝင်ရောက်ယှဉ်နိုင်ဖို့အတွက်ကို ပညာရေးဆိုတာ အားကစားနဲ့ဒွန်တွဲနေတာပါဆိုပြီးကျောင်းသူတွေကို သူတို့ဌာနတွေအထိသွားပြီး ဟောပြောပွဲတွေနဲ့စည်းရုံးခဲ့ရတယ်။ စည်းရုံးခဲ့တာ အောင်မြင်ပါတယ်။ ဆရာမဘ၀မှာ အပင်ပန်းဆုံးနဲ့ အအောင်မြင်ခဲ့ဆုံးဖြစ်ပါတယ်။ဂုဏ်ယူရတယ်။သင်ခန်းစာတွေအ များကြီးရခဲ့လို့ဝမ်းသာပါတယ်။ ”ဟု MISS YANGON UNIVERSITY ရွေးချယ်ပွဲကိုတာဝန်ယူကျင်းပ ပြုလုပ်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှ ဒေါက်တာ ဒေါ်သဇင်လွင်ကပြောသည်။
အဆိုရွေးချယ်ပွဲသို့ ကာယဗလမောင် လေးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကာယအလှမယ်ပြိုင်ပွဲတွင် အကြီးတန်မှ ပြိုင်ပွဲဝင် ၁၁ ဦးနှင့်အငယ်တန်းပြိုင်ပွဲဝင် ၁၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
MR. YANGON UNIVERSITY ပြိုင်ပွဲတွင် D ဆိုင်းနောင်ကပထမနှင့်တပ်ခန်းတွောင်ကဒုတိယ၊ MISS YANGON UNIVERSITY အငယ်တန်းပြိုင်ပွဲတွင် မနေရည်ဝင်းလဲ့ (ရူပဗေဒ ပထမနှစ်ထူးချွန်)က ပထမ၊ အကြီးတန်းပြိုင်ပွဲတွင် မမေရီသက်ထား(မဟာသိပံပထမနှစ်သင်္ချာ)က ပထမ ရရှိခဲ့ကြောင်းသိရ သည်။
“ရန်ကုန်တက္ကသိုလ်ကမယ်လေးတွေ သိပ်လှကြပါတယ်။ သူတို့ကိုကြည့်ရတာ ကြွရွမှုအားနည်းနေတယ်။ ကလေးတွေ လေ့ကျင့်မှုအချိန်မရတာလည်း ပါမှာပါ။ သူတို့တွေကို သေသေချာချာတတ်ကျွမ်း တဲ့နည်းပြတွေနဲ့ သင်ပြလေ့ကျင့် ပေးမယ်ဆိုရင် ဒီထက်တော်တဲ့ မယ်လေးတွေဖြစ်လာမှာပါ။ ကလေးတွေကပွဲကို နည်းနည်း ကြောက်စိတ်ဝင်နေ တယ်။အဲဒါကြောင့် အသက်ဝင်လှုပ်ရှားမှုအားနည်း နေတာပေါ့”ဟု ရန်ကုန်တက္ကသိုလ် MR. YANGON UNIVERSITY & MISS YANGON UNIVERSITY ရွေးချယ်ပွဲတွင်တက်ရောက်လာသည့် မြန်မာ့အလှမယ်ဟောင်း ထပ်ဆင့် အကယ်ဒမီ သရုပ်ဆောင် ဒေါ်ခင်သန်းနုက ၄င်းအမြင်ကို ပြောသည်။

No comments:

Post a Comment