၂၀၂၀ ခရီးသွားရာသီ၌ ခရီးသွားဦးရေ ၇.၅သန်း ၀င်ရောက်နိုင်ရေး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ စီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းအတွင်း ဟိုတယ်၊၀န်ထမ်းနှင့်ဧည့်လမ်းညွှန် အရည်အသွေးပိုင်း ဆိုင်ရာ အဆင့်မြင့်တင်မှုလုပ်ငန်းများကို ယခုအချိန်အတည်းက စီစဉ်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွား လာမှု ဦးစီးဌာနမှ သိရှိရသည်။
“ခရီးသွားအရေအတွက်တိုးမြင့်ဖို့အတွက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက Master Plan တစ်ခုချမှတ်ပြီး ၂၀၂၀ မှာ ခရီးသွားဦးရေ
၇.၅သန်းဝင်ရောက်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်၊ အဲဒီလို လုပ်ဆောင်ဖို့အတွက် အခု ကတည်းက
ဟိုတယ်အလုံးရေ၊ ဟိုတယ်အရည်သွေး၊ ၀န်ထမ်းအရည်အသွေး၊ ပို့ဆောင်ရေးယာဉ်၊ ဧည့်လမ်းညွှန်
အစ ရှိတဲ့ အချက်တွေအပေါ် အရည်အသွေးပိုင်းဆိုင်ရာအဆင့်မြင့်လုပ်ဆောင်နေပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာမှု
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ မန္တလေးတိုင်းအတွင်းသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုအဖြစ်
၂၀၁၂ခုနှစ်ကထက် ၂၀၁၃ခုနှစ်အတွင်းက ၃၆%တိုးလာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာမှုဦးစီးဌာနမှစာရင်များအရ
သိရှိရသည်။
မန္တလေးတိုင်းအတွင်းပါဝင်သည့် ပုဂံ၊ညောင်ဦးဒေသသို့လည်း
၂၀၁၃ခုနှစ်အတွင်း ပြည်ပခရီးသွားဧည်သည့်တစ်သိန်း ကိုးသောင်းကျော် ၀င်ရောက်ခဲ့သဖြင့်
ရာနှုန်းအားဖြင့် ၂၁%ကျော် တိုးမြင့်လာခဲ့သလို ပြင်ဦးလွင်သို့ ပြည်ပခရီးသွား နှစ်သောင်းကျော်
ဝင်ရောက်ခဲ့ကြောင်းကိုလည်း သိရသည်။
“မန္တလေးတိုင်းအတွင်းကို နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွေအဖြစ်
၂၀၁၂ခုနှစ်အတွင်း တစ်သိန်းခြောက်သောင်း ကျော် ၀င်ရောက်ခဲ့ရာကနေ ၂၀၁၃ခုနှစ်မှာ နှစ်သိန်းတစ်သောင်းကျော် တိုးလာပါတယ်၊ရာနှုန်းအားဖြင့်
၃၆ရာနှုန်း တိုးမြင့် လာပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်ပခရီးသွားတိုးမြင့်လာသည်နှင့်အညီ မန္တလေးတိုင်းအတွင်း
ဟိုတယ်အရေအတွက်၊ ဧည့်လမ်းညွှန်အရေအတွက်၊ ပို့ဆောင်ရေး ယာဉ်အရေအတွက်စသည့်တို့ ပိုမိုလိုအပ်လာသဖြင့်
ဟိုတယ်နှင့်ခရီးသွားလာမှုဦးစီးဌာနမှ သတ်မှတ် ချက်အလိုက် လိုင်စင်ချထားပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း
သိရှိရသည်။
ထို့ကြောင့် လိုင်စင်များကို မန္တလေးတိုင်းအတွင်း ဟိုတယ်-၂၃၆လုံး၊
ခရီးသွားကုမ္ပဏီ- ၇၃ခု၊ ဧည့်လမ်းညွှန်- ၇၃၆ဦး၊ မော်တော်ယာဉ်- ၆စီး၊ ရေယာဉ်- ၂၉စီးကို
ချထားပေးပြီးဖြစ်ကြောင်းနှင့် လိုအပ်ချက်အလိုက် ထပ်မံချထားပေးရန် စီစဉ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နိုင်ငံခြားသားခရီးသွားများ ၀င်ရောက်မှုတိုးလာသည်နှင့်အညီ
ဧည့်သည်များ၏ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ အတွက်လည်း မန္တလေးတိုင်းအတွင်းရှိ
ဟိုတယ်များအားလုံးကို စီစီတီဗွီကင်မရာများ တပ်ဆင်ဆောင်ရွက်ထားရှိ ကြောင်းနှင့်ရှာဖွေရေးစက်များကိုလည်း
ဟိုတယ်အဆင့်အလိုက် သတ်မှတ်ချက်များပြုလုပ်၍ စိမံချက်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း
သိရှိရသည်။
No comments:
Post a Comment